World News

  • Sat 16 Dec 2017 - 21:04
    ကနေဒါနိုင်ငံ၏ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဘယ်ရီရှာ မန်းတို့ ဇနီးမောင်နှံသည် တိုရွန်တိုမြို့ရှိနေအိမ်တွင် သေဆုံး လျက် ရှာတွေ့ပြီးနောက် ရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် သေဆုံး မှုဟု ပြောသော်လည်း အင်အားသုံး၍ ချိုးဖျက်ဝင်ရောက်ထား သည့် လက္ခဏာမတွေ့ရဟုဆိုသည်။
  • Sat 16 Dec 2017 - 21:03
     တောင်အာဖ ရိကနိုင်ငံ၏ အာဏာရအာဖရိက အမျိုးသားကွန်ဂရက်(ANC)ပါတီ သည် သမ္မတဂျက်ကော့ဖ်ဇူးမား၏ နေရာကို ဆက်ခံမည့် ပါတီ ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်ရန် ပြင်ဆင်နေသည်။  အဓိကကိုယ်စားလှယ် လောင်းများသည် လက်ရှိ ဒုသမ္မတ ဆိုင်ရီလ်ရာမာဖိုဆာနှင့် ၀န်ကြီးများအဖွဲ့ဝန်ကြီးဟောင်း အမ်ကိုဆာဇာနာ ဒီလာမီနီဇူးမားတို့ဖြစ်သည်။  ဆာဇာနာဇူးမားသည် သမ္မတဇူးမား၏ ဇနီးဟောင်းဖြစ် သည်။
  • Sat 16 Dec 2017 - 21:02
     တရုတ်စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီက အလျားနှစ်မိုင် ရှည်လျားသော ခေါက် ဆွဲမျှင်ကို ဖန်တီးချက်ပြုတ်ခြင်းဖြင့် ကမ္ဘာ့အရှည်ဆုံးခေါက်ဆွဲအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သည်။ Xiangnian Food Co. ကုမ္ပဏီက ၁၀,၁၁၉ ပေနှင့် ၁ ဒသမ ၉၂ လက်မအရှည်ရှိသော ခေါက် ဆွဲကို စံချိန်တင်ဖန်တီးချက်ပြုတ် နိုင်ခဲ့ကြောင်း ဂင်းနစ်တာဝန်ရှိသူ များက ပြောသည်။
  • Sat 16 Dec 2017 - 20:54
    စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ကျယ်ပြန့်ခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်ရေး တရုတ်နှင့်ဗြိတိန် နှစ်နိုင်ငံကတိပြုခဲ့ပြီး လန်ဒန်-ရှန် ဟိုင်း စတော့အိတ်ချိန်းဈေးကွက် ချိတ်ဆက်မှု စတင်ရေး အရှိန်မြှင့် ဆောင်ရွက်ရန်လည်း သဘောတူ ခဲ့သည်။
  • Sat 16 Dec 2017 - 20:52
     တောင်တရုတ်ပင်လယ်၌ ဩစတြေးလျတပ်ဖွဲ့ဝင်များ အင်အားပြည့် ရေတပ်လေ့ကျင့်ပြီးနောက် တရုတ်က ဩစတြေး လျကို သတိပေးခဲ့သည်။ အငြင်းပွား တောင်တရုတ် ပင်လယ်၌ တရုတ်က စစ်ဘက် အခြေစိုက်စခန်းနှင့် လူလုပ်ကျွန်း တုများ တည်ဆောက်မှု အရှိန်အ ဟုန်ဖြင့် ဆောင်ရွက်နေချိန်၌ ယ ခုသတိပေးချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။
  • Fri 15 Dec 2017 - 20:31
    အာရှတိုက်သို့ အာရုံစိုက်မှုသည် ပြီးခဲ့သည့်နှစ်က မြောက်ကိုရီး ယား၏ နျူကလီးယားပြဿနာကြောင့် အနှောင့်အယှက်ဖြစ်ခဲ့စဉ် တရုတ်က တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့၏ လူလုပ်ကျွန်းများပေါ်၌ စစ်ရေးအတွက် သုံးနိုင်သော အဆင့်မြင့်ရေဒါနှင့် အခြားအဆောက်အအုံများ ဆက်လက်တပ်ဆင်ဆောက်လုပ်နေကြောင်း အမေရိကန်တတ်သိပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားသည်။
  • Fri 15 Dec 2017 - 20:30
     အတိုက်အခံနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းအပေါ် အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ပြည်ပသို့ ထွက်ပြေးသွားသော ကမ္ဘော ဒီးယားခေါင်းဆောင်များ၏ ပိုင် ဆိုင်မှုတန်ဖိုးများကို ထိန်းချုပ် ကန့်သတ်ပေးရန် ဝန်ကြီးချုပ် ဟွန်ဆန်က ဥရောပသမဂ္ဂနှင့် အမေရိ ကန်ကို တိုက်တွန်းခဲ့သည်။ ဟွန်ဆန်သည် ၂၀၁၈ ရွေး ကောက်ပွဲမတိုင်မီ အနောက်ဆန့် ကျင်ရေးလမ်းစဉ် ကိုင်စွဲထားပြီး အဓိက အတိုက်အခံပါတီအား ဖျက်သိမ်းမှုအပေါ် ဝေဖန်သည့် အလှူရှင်ကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။
  • Fri 15 Dec 2017 - 20:29
    အမေရိကန်နိုင်ငံ ဝီလ်ကွန်ဆင်ပြည်နယ်တွင် သ တင်းထောက် အမျိုးသမီးတစ်ဦး သည် သတင်းတိုက်ရိုက်ထုတ် လွှင့်တင်ဆက်ရန် ပြင်ဆင်နေစဉ် ၎င်း၏မျက်နှာသို့ နှင်းခဲထိမှန်ခဲ့ သည်။ ထိုသတင်းထောက် အမျိုး သမီးနှင့်အတူ ပါလာသော ကင် မရာမန်းက စနောက်၍ ယင်းသို့ နှင်းခဲဖြင့် လှမ်းပစ်ခြင်းဖြစ်သည်။
  • Fri 15 Dec 2017 - 20:29
     ဆောင်းရာသီတွင် တရုတ်နိုင်ငံ မြောက်ပိုင်းတစ် လျှောက် မီးခိုးမြူကျဆင်းမှု သတိ ပေးချက် ထုတ်ပြန်ပြီး စက်ရုံများ မှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ထုတ်လွှတ်မှု လျှော့ချရန်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အရှိန်လျှော့ ဆောင်ရွက်ရန်နှင့် ဒီဇယ်လောင်စာဆီသုံး ယာဉ်သွား လာမှုကန့်သတ်ရန် အာဏာပိုင် များက ဒီဇင်ဘာ ၁၄ ရက်၌ မိန့် ထုတ်ပြန်ခဲ့သည်။ လေထုညစ်ညမ်းမှုနှင့် ပတ် သက်၍ စောင့်ကြည့်ခံနေရသော ၂၈ မြို့အနက် မြို့တော်ဘေဂျင်း တစ်ခုမှလွဲ၍ ကျန်မြို့များ၌ အဆို ပါ မီးခိုးမြူကျဆင်းမှု သတိပေး ချက် ထုတ်ပြန်ခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာ ကွယ်ရေးဝန်ကြီးဌာန၏ လေထု ညစ်ညစမ်းမှု တိုက်ဖျက်ရေးစီမံ ကိန်းကို လေ့လာစောင့်ကြည့်နေ သည့် သုတေသနစင်တာက ပြော ကြားသည်။
  • Fri 15 Dec 2017 - 20:28
    ရုရှားနိုင်ငံခြားရေးဝန် ကြီး ဆာဂျီလက်ဗ်ရော့က အီရန် နျူကလီးယား သဘောတူညီမှု ပျက်ပြယ်နိုင်ခြေကြောင့် မြောက် ကိုရီးယားနှင့်ဆိုင်သော အခြေအ နေကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ လွဲမှားသော အချက်ပြမှုတစ်ခု ရှိလာလိမ့်မည်ဟု ပြောကြား ကြောင်း RIA နှင့် Interfax သတင်းဌာနတို့က ဒီဇင်ဘာ ၁၅ ရက်၌ ဖော်ပြသည်။  မြောက်ကိုရီးယားအတွက် စစ်ရေးအရ ရန်စရန်ကြိုးပမ်းမှု မှန်သမျှသည် ဖြစ်ရပ်ဆိုးတစ်ခုဆီသို့ ဦးတည်နိုင်ကြောင်း လက်ဗ် ရော့က ရုရှားလွှတ်တော်သို့ ပြော ကြားသည်။
  • Fri 15 Dec 2017 - 11:46
    ဆီးရီးယားတွင် ရုရှားလေယာဉ် နှစ်စီးကို အမေရိကန်၏ ကိုယ်ပျောက် တိုက်လေယာဉ်များက ကြားဖြတ် ဟန့်တားခဲ့ကြောင်း အမေရိကန် လေတပ်က အတည်ပြု ကြေညာခဲ့သည်။
  • Fri 15 Dec 2017 - 11:29
    တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင် ဒလိုင်းလားမားက စမတ်ဖုန်း အသုံးပြု App တစ်ခုကို ထုတ်ဝေလိုက်ကြောင်း သိရှိရသည်။
  • Fri 15 Dec 2017 - 11:23
    လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များနှင့် ဆက်စပ်ပြီး ပီရူးသမ္မတ ပက်ဒရို ပက်ဘလို ကူဇင်းစကီးကို ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေး တောင်းဆိုမှုများ မြင့်တက်လာနေကြောင်း သိရသည်။
  • Thu 14 Dec 2017 - 12:39
    ဘာမြူဒါတွင် လိင်တူချင်း ထိမ်းမြား လက်ထပ်ရန် တရားဝင် ခွင့်ပြုပြီး တစ်နှစ်မပြည့်မီ၌ ပြန်လည် ရုပ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။
  • Thu 14 Dec 2017 - 11:47
    နှစ်နိုင်ငံ တင်းမာမှုများကို လျှော့ချရန်အတွက် တောင်ကိုရီးယားနှင့် တရုတ် သမ္မတများ ဘေဂျင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
  • Thu 14 Dec 2017 - 11:16
    ခင်ပွန်းသည်ကို သတ်ဖြတ်ပြီးနောက် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုပြီး အခြားတစ်ဦးကို အစားထိုး နေရာယူစေရန် စီစဉ်ခဲ့သည့် အိန္ဒိယ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
  • Wed 13 Dec 2017 - 19:28
    ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ စာသင်ကျောင်းတစ်ကျောင်းပေါ် သို့ အမေရိကန်ရဟတ်ယာဉ်တစ်စီး၏ ပြတင်းပေါက်ပြုတ်ကျခဲ့ပြီး ကလေးငယ်တစ်ဦး အနည်းငယ်ဒဏ်ရာရသဖြင့် ယင်းကျွန်း ပေါ်တွင် အမေရိကန်စစ်အခြေစိုက်စခန်းရှိနေမှုကို ဒေသခံများ ၏ ကန့်ကွက်မှု ပိုများလာသည်။
  • Wed 13 Dec 2017 - 19:27
    ၎င်းတို့၏ ထုတ်ကုန် များကို တရုတ်နိုင်ငံတွင် အသုံးပြုခွင့် ပိတ်ပင်ထားဆဲဖြစ်သော် လည်း အမေရိကန်နည်းပညာ ကုမ္ပဏီကြီး Google သည် ဒေသ ခံ ပါရမီရှင်များအား မြေတောင် မြှောက်ရန် ဉာဏ်ရည်တုဆိုင်ရာ သုတေသနစင်တာတစ်ခုကို ဒီဇင် ဘာ ၁၃ ရက်က တရုတ်နိုင်ငံ၌ ဖွင့်လှစ်ခဲ့သည်။ ယင်းကဲ့သို့ စင်တာသည် အာရှတွင် ပထမဆုံးဖြစ်ကြောင်း နှင့် ဘေဂျင်းရှိ ၎င်းတို့၏ လက်ရှိ ဖွင့်ထားသော ရုံးမှ အသင်းငယ် လည်း အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
  • Wed 13 Dec 2017 - 19:25
    အမေရိကန်နိုင်ငံ မစ် ဆူရီပြည်နယ်ရှိ အမျိုးသမီးတစ် ဦးသည် တစ်နေ့တည်း ကံစမ်းခဲ့သော နှစ်စောင်စလုံး ပေါက်ခဲ့ သောကြောင့် စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၁၀၁,၀၀၀ ဆွတ်ခူးရရှိခဲ့သည်။ ၎င်းသည် ထီလက်မှတ်ဝယ် ရန် နိုဝင်ဘာ ၂၉ ရက်က စိန့်လူး ဝစ္စမြို့ရှိ မစ်ဆူရီထီရုံးသို့ သွားခဲ့ကြောင်း၊ ယင်းထီလက်မှတ်မှ အမေရိကန်ဒေါ်လာ ၁,၀၀၀ ပေါက်ခဲ့ကြောင်း ဗာရိုနီကာဘူချန်နန်က ပြောသည်။
  • Wed 13 Dec 2017 - 19:25
     နိုင်ငံတောင်ပိုင်း မင်ဒါ နာအိုကျွန်းတွင် နောက်ထပ်တစ် နှစ်အတွင်း စစ်အုပ်ချုပ်ရေးသက်တမ်းတိုးမြှင့်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတီ၏ အဆိုကို လွှတ်တော် အမတ်များက ဒီဇင်ဘာ ၁၃ ရက်၌ တစ်ခဲနက် ထောက်ခံအတည်ပြုခဲ့သည်။ ယင်းသို့ သက်တမ်းတိုးမြှင့် ခြင်းသည် အစ္စလာမ်မစ်များနှင့် ကွန်မြူနစ်သူပုန်များကို နှိမ်နင်းရန် ရည်ရွယ်ကြောင်း အစိုးရက ပြောသည်။

Pages

Subscribe to World News