Sports

Schedule:

Standing:

Toplist:

Teams:

  • Tue 21 Nov 2017 - 19:30
    ယနေ့ညတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ဘေဆယ်နှင့် မန် ယူ၊ အန်ဒါလက်ခ်ျနှင့် ဘိုင်ယန် မြူးနစ်၊ ပီအက်စ်ဂျီနှင့် ဆယ်လ် တစ်၊ အက်သလက်တီကိုမက်ဒ ရစ်နှင့် ရိုးမား၊ ဂျူဗင်တပ်နှင့် ဘာ စီလိုနာ၊ စပို့တင်းလစ္စဘွန်းနှင့် အို လံပီယာကော့စ်တို့ တွေ့ဆုံနေ သည်။
  • Tue 21 Nov 2017 - 00:43
     လုံခြုံရေးအခြေအနေ ကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကာ ဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲနှင့် ပတ် သက်၍ အာရှဘောလုံးအဖွဲ့ချုပ် (AFC)က နိုဝင်ဘာ ၂၄ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း ဆုံး ဖြတ်ချက်ကို မကျေနပ်ပါက အယူခံဝင်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။ အဆိုပါပွဲကို မူလက စက် တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန် နိုင်ငံ၌ ကျင်းပရန် စီစဉ်ခဲ့သော် လည်း လုံခြုံရေးအခြေအနေ ကြောင့် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က ပွဲရွှေ့ဆိုင်းရန် တောင်း ဆိုခဲ့ပြီး ပြန်လည်ကျင်းပမည့် ရက်၊ အချိန်နှင့်နေရာတို့ကို အာရှဘောလုံးအဖွဲ့ချုပ်က ရေးဆွဲ ထုတ်ပြန်မည်ဖြစ်သည်။
  • Tue 21 Nov 2017 - 00:42
     မြန်မာလိဂ်ချန်ပီယံ ရှမ်း ယူနိုက်တက်အနေဖြင့် အာရှချန် ပီယံလိဂ် ခြေစစ်ပွဲအောင်မြင်ရန် ရည်မှန်းထားကြောင်း အသင်း ဒုဥက္ကဋ္ဌ ဦးစောလုလုထော်က ပြောသည်။ ရှမ်းယူနိုက်တက်သည် ပြီးခဲ့ သည့် ၂၀၁၇ မြန်မာလိဂ် အမှတ် ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့တွင် ဗိုလ်စွဲခဲ့သည်။ မြန်မာလိဂ်ချန်ပီ ယံ ရှမ်းယူနိုက်တက်အနေဖြင့် ၂၀၁၈ အာရှချန်ပီယံလိဂ် ခြေစစ် ပွဲအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိသည်။
  • Tue 21 Nov 2017 - 00:41
     ၂၀၁၈ မြန်မာ လိဂ်-၂ ပြိုင်ပွဲတွင် အသင်းသစ်များ ထွက် ပေါ်လာရန် မြန်မာလိဂ်ကော်မ တီက ကြိုးပမ်းနေပြီး ထွက်ပေါ်ခြင်းမရှိပါက ပြိုင်ပွဲဝင်ခြောက် သင်းဖြင့်သာ ကျင်းပမည်ဖြစ် ကြောင်း လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။
  • Tue 21 Nov 2017 - 00:40
     ရတနာပုံကလပ်အသင်း ၏ မြန်မာ့လက်ရွေးစင်တိုက်စစ် မှူး အောင်သူသည် လာမည့် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်း ကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူ ညီမှု ရရှိထားကြောင်း ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်း ဆမ်ထွန်းက ပြောသည်။
  • Tue 21 Nov 2017 - 00:09
    လီဗာပူးနှင့် ရင်ဆိုင် ရမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြည်တွင်းတွင် နောက်ဆုံးရင်ဆိုင် ခဲ့သော ဆယ်လ်တာဗီဂိုအသင်းမှ လီဗာပူးတိုက်စစ်မှူးဟောင်း လာဂိုအက်စ်ပက်စ်သည် မိမိတို့အ တွက် သင်ခန်းစာများပေးခဲ့သည်ဟု ဆီဗီလာနည်းပြ အက်ဒွာဒိုဘီ ရစ်ဇီုက ပြောသည်။
  • Mon 20 Nov 2017 - 22:35
    ရီးရဲလ်နောက်ခံလူ ရာမို့စ်သည် အက်သလက်တီကိုနှင့်ပွဲတွင် နှာခေါင်းရိုးကျိုးသွားသဖြင့်အေပိုးလ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲ လွဲချော်မည်ဖြစ်ပြီးနာဗတ်၊ ဂါရတ်ဘေးလ်နှင့် ကိုဗာဆစ်တို့လည်း ဒဏ်ရာမှ ပြန်ကောင်းခြင်းမရှိသေးပေ။
  • Mon 20 Nov 2017 - 22:35
    ဝက်စ်ဟမ်းနည်းပြအဖြစ် ပထမဆုံးကိုင်တွယ်သောပွဲတွင် ဝက်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၎င်းအနေဖြင့် ဝက်စ်ဟမ်း၏ ကြီးကျယ်သောကစားသမားများနှင့် ကြီးကျယ်သော ဂုဏ်များကို စိတ်ပျက်မိကြောင်း ဒေးဗစ်မိုယက်စ်ကပြောသည်။
  • Mon 20 Nov 2017 - 22:34
     နောက်ဆုံးကစားခဲ့ သော ပရီးမီးယားလိဂ် ၁၀ ပွဲတွင် နိုင်ပွဲတစ်ပွဲမျှမရှိဘဲ အမှတ်ပေး ဇယား၌ တန်းဆင်းဇုန်နှင့် တစ် မှတ်သာ ကွာဟတော့ပြီးနောက်  တိုနီပူးလစ်သည် ဝက်စ်ဘရွန်း နည်းပြအဖြစ်မှ ထုတ်ပယ်ခံရ သည်။
  • Mon 20 Nov 2017 - 22:34
     ယခုရာသီတွင် နည်းပြဂွာဒီယိုလာ၏ မန်စီးတီးအသင်း ရလဒ်ပိုင်း အထူးကောင်းမွန်နေ ခြင်းနှင့် ပတ်သက်၍ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ချီးကျူး ပြီး မန်စီးတီးအသင်းအကူအညီ မလိုဖြစ်နေ၍ အလွန်ဒေါသထွက် မိသည်ဟု ပြောသည်။
  • Sun 19 Nov 2017 - 22:48
     ယခုနှစ် အာရှနိုင်ငံတ ကာအကောင်းဆုံးကစားသမား ဆုအတွက် ယခင်က ယင်းဆုရ ရှိခဲ့သော တောင်ကိုရီးယားမှ ဆွန်ဟွမ်မင်၊ ဂျပန်မှ ရှင်ဂျိကာဂါဝါ နှင့် သြစတြေးလျတက်သစ်စ ကြယ်ပွင့် အေရွန်မိုရီတို့ ရွေးချယ်ခံရ သည်။ အာရှအကောင်းဆုံးနည်းပြ ဆုစာရင်းတွင် သြစတြေးလျနိုင်ငံ ကို ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပို့ဆောင်နိုင်ခဲ့သော လက်ရွေးစင် အသင်းနည်းပြ အန်ဂျီပိုစတီကိုဂ လူလည်း ပါဝင်သည်။ ကွင်းလယ်လူ အေရွန်သည် သြစတြေးလျ၏ ကမ္ဘာ့ဖလားခြေ စစ်ပွဲနှင့် ဟတ်ဒါဖီးလ် ပရီးမီး ယားလိဂ်တန်းတက်ရာတွင် အဓိ ကနေရာမှ ပါဝင်ခဲ့သည်။ ၂၀၁၂ အကောင်းဆုံးဆုရှင် ကာဂါဝါသည်လည်း ဂျပန်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ် ပွဲများနှင့် ကလပ်အသင်း ဒေါ့မွန်တွင် ခြေစွမ်းပြနေသူဖြစ်သည်။ ၂၀၁၅ ဆုရှင် ဆွန်ဟွမ်မင်သည် ပရီးမီးယားလိဂ်ထိပ်သီး စပါးအ သင်း၏ ကြယ်ပွင့်ဖြစ်သည်။
  • Sun 19 Nov 2017 - 22:43
     မြန်မာ့လက်ရွေးစင် ယူ -၂၁ ဘောလုံးအသင်း ဒီဇင်ဘာအတွင်း  ယှဉ်ပြိုင်မည့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ  အုပ်စုပွဲစဉ်များ ထွက်ပေါ်လာသည်။
  • Sun 19 Nov 2017 - 22:43
     မြန်မာလိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်း သည် အင်္ဂလန်ကလပ် ရှက်ဖီးယူ နိုက်တက်ကစားသမားဟောင်း ကလာဟဲနှင့် ယခုရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ် ကြောင်း  ကလာဟဲ၏အေးဂျင့်မြန်မာ စပယ်ရှယ်အမှုဆောင်အရာရှိ ချုပ် ဦးရဲနိုင်ဝင်းက ပြောသည်။
  • Sun 19 Nov 2017 - 22:42
    ၂၀၁၈ အာဆီယံဖူဆယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်အင် ဒိုနီးရှားအသင်းနှင့် တစ်အုပ်စု တည်း ကျရောက်နေသည်။
  • Sun 19 Nov 2017 - 22:41
     မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ မြန်မာ့ရိုးရာလက်ဝှေ့စိန် ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၆ ရွှေခါး ပတ်ချန်ပီယံ စောဂေါ်မူတိုနှင့် ၂၀၁၆ ထိုင်းမွေလက်ဝှေ့ချန်ပီယံ ဆစ်မန်းနီးတို့ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့သော်လည်း ပူးတွဲသရေဖြင့် ပြီးဆုံးခဲ့သည်။
  • Sun 19 Nov 2017 - 22:17
    ယခုရာသီ ပင်နယ်တီကန်ခွင့်နှင့် ပတ်သက်၍ အချင်းများခဲ့သော ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီနှင့်နေမာတို့ကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေသည်ဟု သတင်းထွက်နေစဉ် ကာဗာနီက ပင်နယ်တီကို နေမာက ပင်တိုင်ကန်သွင်းမည်ဟု ပြောသည်။
  • Sun 19 Nov 2017 - 22:16
    လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဆန်း ချက်ဇ်နှင့် အိုဇေးလ်တို့ သည် အာဆင်နယ်တွင် ဆက်လက်နေချင်မည်ဟု ယုံကြည်ကြောင်းနည်းပြ အာစင်ဝင်းဂါးက ပြော ကြားသည်။
  • Sun 19 Nov 2017 - 22:15
    ဘာစီလိုနာနှင့် ၁၀ မှတ်ကွာဟမှုကို ၎င်း၏ အသင်း အနေဖြင့် လိုက်မီနိုင်သေး ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အလေးထားပြောကြား ထားစဉ် ရီးရဲလ်မက်ဒရစ်နှင့် ဂိုးမရှိ သရေကျသည့်ပွဲတွင် အသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်း၏ စိတ် မပါလက်မပါကစားပုံနှင့် ပတ် သက်၍ အက်သလက်တီကိုမက် ဒရစ်နည်းပြ ဆီမြွန်နီက ကာကွယ်ပြောဆိုခဲ့သည်။
  • Sun 19 Nov 2017 - 22:15
    ဒဏ်ရာမှ သက်သာလာ ပြီး ပြန်လည်ပါဝင်လာသည့် ပွဲ တွင် ကိုယ်တိုင်တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ပြီးနောက် မန်ယူနည်းပြမော်ရင်ဟိုက ကွင်းလယ် လူပေါ့ဂ်ဘာသည် အများနှင့် မတူခြားနားသည့် ခြေစွမ်းအဆင့်အ တန်း ပိုင်ဆိုင်ထားကြောင်း ပြော ကြားလိုက်သည်။
  • Sat 18 Nov 2017 - 23:09
    အီတလီလက်ရွေးစင် အသင်း ရုရှားကမ္ဘာ့ဖလားနှင့် လွဲ ချော်ခဲ့ခြင်းကြောင့် စိတ်ထိခိုက်နေသော ဘူဖွန်သည် တနင်္ဂနွေနေ့တွင် ကစားမည့် ဆမ်ဒိုးရီးယား နှင့် ပွဲ၌ ဂျူဗင်တပ်တွင် ပါဝင်ဦး မည်မဟုတ်ပေ။

Pages

Subscribe to Sports