Regional

  • Tue 21 Nov 2017 - 17:32
     မွန်ပြည်နယ်တွင် တစ်လအတွင်း ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ ကျော်အထိ ဈေးကျနေကြောင်း ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင် သူများက ပြောသည်။ ၂၀၁၇ အောက်တိုဘာအထိ ကွမ်းသီး ခြောက်တစ်ပိဿာ, ကျပ် ၆,၀၀၀ ကျော်ရှိရာမှ ယခုလ(နိုဝင်ဘာ)တွင် ကျပ်  ၄,၈၀၀ ခန့် သာ ဈေးရရှိနေကြောင်း၊ ကွမ်းသီး အသစ်များ ထွက်သည့်ကာလဖြစ် သဖြင့် ဆက်လက်ကျဆင်းရန်ရှိ ကြောင်း မွန်ပြည်နယ်အတွင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးဝင်းဖေက ဆိုသည်။
  • Tue 21 Nov 2017 - 17:30
     အရာတော်ဒေသထွက် သနပ်ခါးကို ကုန်ကြမ်းအဖြစ်ပြုလုပ်၍ တန်ဖိုးမြင့်အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများအဖြစ် ဈေးကွက်သို့ စတင်ရောင်းချနေကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌဦးကျော်မိုးက ပြောသည်။ အဆိုပါ အလှကုန်နှင့် လူ သုံးကုန်ပစ္စည်များကို နိုဝင်ဘာ ၂၀ မှ ၂၂ ရက်အထိ မုံရွာ မြို့ တော်ခန်းမတွင် ကျင်းပသော ဒေသထွက် ကုန်စည်ပြပွဲ၌ ရောင်းချနေသည်။ ‘‘လွန်ခဲ့တဲ့လေးလခန့်ကစ ပြီး သနပ်ခါးကုန်ကြမ်းအဖြစ် အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန် တွေ ထုတ်လုပ်ခဲ့တာပါ။ ပြည် တွင်းဈေးကွက်သာမက ပြည်ပ အထိ ရောင်းချနိုင်အောင် ရည် ရွယ်ပြီး တန်ဖိုးမြင့်ပစ္စည်းတွေ ရောင်းချပေးတာပါ။ လောလော ဆယ် ဈေးကွက်မှာ အရောင်းရ ဆုံးကတော့ အညောင်းပြေသဘာဝသနပ်ခါးအမြစ် ဆေးရည်ပါ’’ဟု ဦးကျော်မိုးကပြောသည်။
  • Tue 21 Nov 2017 - 17:28
     တောင်ကြီးမြို့တွင် ‘Taunggyi Bike Challenge 2017’ အမည်ဖြင့် ဖိတ်ခေါ်စက် ဘီးစီးပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပမည်ဟု မြန်မာနိုင်ငံစက် ဘီးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးအောင် ၀င်းထွန်းက ပြောသည်။ ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက် တွင် ကျင်းပမည်ဖြစ်ပြီး စက်ဘီး စီးပြိုင်ပွဲနှင့် တောင်အဆင်းလမ်းကြမ်းစီးပြိုင်ပွဲနှစ်မျိုးစလုံး ထည့်သွင်းမည်ဟု ၎င်းကပြောသည်။
  • Tue 21 Nov 2017 - 17:28
     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနက ကျွဲ၊ နွားအရှင်များကို ပြည်ပသို့တရား  ၀င်တင်ပို့ခွင့်ပြုသဖြင့် တောင်ကုတ်မြို့ရှိ ငွေကြေးတတ်နိုင်သူအချို့က နွားမွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်လာကြောင်း လက်ရှိနွားမွေးမြူရေး လုပ်ကိုင်နေသူ ကိုမိုးနိုင်စိုးက ပြောသည်။ ယခင်က တောင်သူများသာ လုပ်ငန်းသုံးအဖြစ် နွားမွေးမြူရေး လုပ်ကိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင်  မြို့မှငွေကြေး တတ်နိုင်သူများလည်း ယင်းသို့ လုပ်ကိုင်လာကြပြီး လက်ရှိတွင် ထိုသို့လုပ်ကိုင်သူ ဆယ်ဦးကျော်ရှိကြောင်း ကိုမိုးနိုင်စိုးက ပြောသည်။
  • Tue 21 Nov 2017 - 17:13
     ရခိုင်ပြည်နယ်၏ အထင်ကရဘုရားပွဲတော်များအ နက် အစည်ကားဆုံးပွဲဖြစ်သည့် ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင် ဘုရားပွဲကို ရှစ်ရက်ကြာ ကျင်းပ မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဝင်များက ပြောသည်။ ဘုရားပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဆီမီးတစ် ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲ နှင့် အဆင့်မြင့်ဇာတ်သဘင်များ ပါဝင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရွှေဖော်သူ က ပြောသည်။  ဆံတော်ရှင်စေတီသည် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နိလာပဗ္ဗတတောင်ပေါ်တွင် တည်ရှိပြီး ဘုရားပွဲတော်သို့ စစ်တွေမြို့ မှ အမြန်ရေယာဉ်များ၊ ပြည်တွင်း ရေကြောင်း သင်္ဘောများနှင့်ပုဂ္ဂလိက စက်လှေများ ပြေးဆွဲမည်ဖြစ်သည်။
  • Tue 21 Nov 2017 - 17:11
     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားစဝ်ရွှေ သိုက် ကွယ်လွန်ခြင်း (၅၅)နှစ် မြောက် အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက်က ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်း (ယဉ်ကျေး မှုပြတိုက်) ကန်တော့ခံဆောင် တွင် ကျင်းပခဲ့သည်။  နိုင်ငံတော်သမ္မတဟောင်း စဝ်ရွှေသိုက် ကွယ်လွန်ခြင်း (၅၅) နှစ်မြောက် အထိမ်းအမှတ် ဆွမ်း ကပ်လှူခြင်း အခမ်းအနားကို ညောင်ရွှေဟော်နန်းတွင် ပထမ ဦးဆုံးအကြိမ်အဖြစ် သမ္မတ ဟောင်း စဝ်ရွှေသိုက်၏ သမီး တော် ဒေါ်စဝ်ဟေမာသိုက်၊ ဆွေ တော်မျိုးတော်များနှင့် လွှတ် တော်ကိုယ်စားလှယ်တို့က ပူး ပေါင်းကျင်းပခဲ့သည်။
  • Mon 20 Nov 2017 - 23:19
     မန္တလေးတိုင်းရှိ မက္က ဒေးမီးယားစိုက်ပျိုးသူများစုစည်းပြီး မန္တလေးတိုင်းမက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအစုအဖွဲ့ကို ပြင်ဦးလွင်မြို့ တွင် နိုဝင်ဘာ ၁၈ ရက်က ဖွဲ့စည်း ခဲ့သည်။
  • Mon 20 Nov 2017 - 23:18
    မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်းဆောင် ရွက်မှုများကို အီလက်ထရွန်နစ် စနစ်ဖြင့် စီမံခန့်ခွဲနိုင်ရန် Data Center တစ်ခုတည်ဆောက် နေပြီး လာမည့်ဒီဇင်ဘာတွင် စတင်အသုံးပြုနိုင်ရန် ကြိုးစားနေ ကြောင်း တိုင်းအစိုးရအဖွဲ့ ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။
  • Mon 20 Nov 2017 - 23:18
    မန္တလေးမြို့ မီးသင့်မင်္ဂ လာဈေး အသစ်ပြန်လည်တည် ဆောက်နိုင်ရေး စိတ်ဝင်စားမှုဖော် ပြသည့် အဆိုပြုလွှာများ တင် သွင်းရန် စည်ပင်သာယာက ဖိတ် ခေါ်ထားပြီး လက်ရှိအချိန်ထိ လျှောက်လွှာလာရောက်ထုတ်ယူ သူ ခြောက်ဦးရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြော ကြားသည်။
  • Mon 20 Nov 2017 - 23:17
     အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ် ရှားမှုများကို မန္တလေးနှင့်မြို့ကြီး အချို့တွင် နိုဝင်ဘာ ၂၅ ရက်မှ စတင်ကာ ၁၆ ရက်ကြာ ပြုလုပ် မည်ဖြစ်ဖြစ်ကြောင်း အမျိုးသမီး အရေးဆောင်ရွက်နေသည့် အ ရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိ သူများက ပြောသည်။
  • Mon 20 Nov 2017 - 22:13
    မွန်ပြည်နယ် ကျိုက်  ထိုမြို့နယ် ကျိုက်ထီးရိုးစေတီ တွင် ပြေးဆွဲနေသည့် တောင်တက်ယာဉ်အသင်း နှစ်ပတ်လည်နေ့ ဒီဇင်ဘာ ၆ ရက်၌ အခမဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက်ယာဉ်အသင်းအတွင်းရေးမှူးဦးမျိုးနိုင်က ပြောသည်။
  • Mon 20 Nov 2017 - 22:13
    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ဗြိတိသျှအရေး ပိုင် မောရစ်ကောလစ်နေထိုင်ခဲ့ သည့် နေအိမ်ကို ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း သုံးရာကျော်ဖြင့် မွမ်းမံနေပြီး ယခု ဘဏ္ဍာနှစ်ကုန်တွင် ပြီးစီးရန် လျာ ထားကြောင်း ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းဦးက ပြေ
  • Mon 20 Nov 2017 - 22:03
     မြန်မာနိုင်ငံတွင် ကလေး သူငယ် အသက်အား (၁၆)နှစ်သတ်မှတ်ထားခြင်းကို ပညာရှင်များအနေဖြင့် လေးလေးနက်နက်ပြန်လည်စဉ်းစားသင့်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။
  • Mon 20 Nov 2017 - 22:02
     ချောင်းဦးမြို့နယ်ပေါက် အင်းဒေသတွင် အင်းရေများနေ၍ သခွားမွှေးစိုက်ခင်းများ စိုက်ပျိုး ချိန်နောက်ကျဖွယ်ရှိကြောင်း စစ် ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွား မွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ဥက္ကဋ္ဌ က ပြောသည်။
  • Mon 20 Nov 2017 - 20:47
     မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးကြိုး၊ မီးတိုင်များ သွယ်တန်းပြီးသော်လည်းမီတာ အလုံးရေနှစ်သောင်းကျော်တပ်ဆင်ရန် လို
  • Mon 20 Nov 2017 - 20:46
     ရော်ဘာဈေးကွက် ပျက်လာခြင်းကြောင့် ရခိုင်ပြည် နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးသူ လုပ်ငန်းရှင်အများစုသည် တိုးချဲ့ စိုက်ပျိုးခြင်း မလုပ်နိုင်တော့ဘဲ ရပ်နားထားကြောင်း စိုက်ပျိုးသူများကပြောသည်။
  • Sun 19 Nov 2017 - 23:16
     မန္တလေးမြို့ အောင် မြေသာစံမြို့နယ် သီရိမန္တလာ အဝေးပြေးယာဉ်ရပ်နားစခန်း (ကားကြီးကွင်း)တွင် ခရီးသည် များအား စိတ်အနှောင့်အယှက် ဖြစ်စေသည့် ဂိတ်ကြိုနှစ်ဦးကို ရဲအက် (၄၇)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း မြို့တော်စည်ပင် သာယာရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်း ချမ်းအောင်က ပြောသည်။
  • Sun 19 Nov 2017 - 23:16
     မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်တွင် နှစ်ဖက်လူ ၃၀ ခန့် လူစုလူဝေးဖြင့်မြေယာအငြင်း ပွားမှုဖြစ်ပေါ်ခဲ့ရာမှ မူလပိုင်ဆိုင် သည့် တောင်သူဆိုသူ ၁၀ ဦး ပုဒ်မငါးခုဖြင့် အမှုဖွင့်ဖမ်းဆီးခံရ ကြောင်း မြေယာအရေးကူညီ ဆောင်ရွက်ပေးသူများက ပြော သည်။
  • Sun 19 Nov 2017 - 23:15
     မွေးရပ်မြေကို ကျေးဇူး ဆပ်သည့်အနေဖြင့် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံကြ ရန် နိုင်ငံတကာသို့ ရောက်ရှိနေ သည့် မြန်မာပြည်ဖွား တရုတ်လူ မျိုးများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ဖိတ်ခေါ်သည်။
  • Sun 19 Nov 2017 - 20:56
     မကွေးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအ ဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် ပထမဆုံးအကြိမ်ကျင်းပရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ရုံးက ထုတ်ပြန်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ က ဖြည့်စွက်ရန်ပုံငွေအဖြစ် ထပ် မံချထားပေးသော ရန်ပုံငွေလုပ် ငန်းများကို ဆွေးနွေးရန် လွှတ် တော်ခေါ်ယူခြင်းဖြစ်ပြီး အချိန် နည်းပါးသဖြင့် အရေးပေါ်အစည်း အဝေးဟု သုံးစွဲခြင်းဖြစ်ကြောင်း လွှတ်တော်ရုံးတာဝန်ရှိသူတစ်ဦး က ပြောသည်။

Pages

Subscribe to Regional