News

  • Wed 20 Sep 2017 - 12:27
    အပြောကျယ်လှသော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ‘ဝုန်း...ဝုန်း’ဆိုသည့် လှိုင်းရိုက်သံက ကိုအောင်ဌေးကို ဖိတ် ခေါ်သလို ဖြစ်နေသည်။ ကိုအောင်ဌေးသည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေဒေသ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် နေထိုင်သည့် ရေလုပ်သားဖြစ်သည်။ ယခင်က ကိုအောင် ဌေးတစ်ယောက် ပင်လယ်ပြင်မှ လှိုင်းရိုက်သံကြားလျှင် မနေနိုင်ဘဲ ငါးဖမ်းထွက်ခဲ့သည်။ သို့သော် ယခုအခါ မည်မျှပင် ရာသီဥတုသာယာပြီး လှိုင်းရိုက်သံ ကြားနေပါစေ ငါးဖမ်းမထွက်ဖြစ်တော့ဟု ဆိုသည်။
  • Wed 20 Sep 2017 - 11:58
    ပရိသတ်စိတ်ဝင်စားမှု နည်းပါးလာသည်ဟု ထင်ကြေးပေးခံရသည့် ဇာတ်သဘင်လောကတွင် ဆယ်စုနှစ်လေးခု ကျော်ကြာ အောင်မြင်မှု ထိန်းသိမ်းထားနိုင်သူတစ်ဦးရှိသည်။ အခြားသူတော့မဟုတ်။ သဘင်တစ်ခေတ် အောင်မြင်ခဲ့သူ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ သားထွေး ရွှေမန်းချမ်းသာ ဖြစ်ပါ သည်။  လောလောလတ်လတ် ကျင်းပထားသော ရွှေမန်းချမ်းသာ သဘင်သက် နှစ်(၄၀)ပြည့် ဖျော် ဖြေပွဲတွင် နောက်ပိုင်းဇာတ်အထိ မိုးအလင်း ပရိသတ်အခိုင်အမာ လာရောက်အားပေးခဲ့မှုက လက်ရှိအချိန်အထိ ဇာတ်သဘင်လောက ၌ အောင်မြင်မှုထိန်းသိမ်းထားနိုင် ဆဲဆိုခြင်းကို မီးမောင်းထိုးပြနေသည်။
  • Wed 20 Sep 2017 - 11:51
    ယခုဆိုလျှင် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ခရီးသွားများ သွားလိုရာနေရာသို့ ပို့ဆောင်ပေးနေသည့် ကာလရှစ်လကျော်ကြာပြီဖြစ်သည်။ ရှစ်လအတွင်း စနစ်သစ်၊ နာမည်သစ်နှင့် YBS သည် လူရွှင်တော်များနှင့် အရပ်သားတို့၏ နှုတ်ဖျားမှ မချသည်အထိ ကျော်ကြားခဲ့သည်။ ပြည်သူစိတ်ပျက် YBS ဟူ၍ပင် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်မှတ်ချက်ပြုခဲ့သေးသည်။
  • Wed 20 Sep 2017 - 11:05
    ကချင်လူမျိုးတို့ အထွတ်အ မြတ်ထားရာ မြစ်ကြီးနားမြို့ မနောကွင်းရှေ့တွင် တည်ရှိသည့် နှစ်ထပ်အဆောက်အအုံတစ်လုံး သည် တိတ်ဆိတ်ခြောက်ကပ်နေ သည်။ ခြံစည်းရိုးဂိတ်ဝတွင် ကာကီ ရောင်ယူနီဖောင်းဖြင့် စောင့်ကြပ်နေသည့် အရပ်ဘက်လုံခြုံရေး ဝန် ထမ်းတစ်ဦးနှင့် ရံဖန်ရံခါဝင်ထွက်သွားလာနေသူတစ်ဦး၊ နှစ်ဦးစမှအပ ဆက်ဆံရေးရုံးတစ်ခုလုံး ရှင်းလင်းတိတ်ဆိတ်နေ၏။ ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပုံမှန်ရှိ နေစဉ်က ညဥ့်နက်အချိန်ကလွဲ၍ အမြဲဖွင့်လှစ်ထားသည့် အဆောက်အအုံပင်မတံခါးကြီးကိုလည်း နေ့ခင်းပိုင်းတွင်ပင် ပိတ်ထားသည်ကို တွေ့ရသည်။
  • Wed 20 Sep 2017 - 10:51
    ၂၀၀၇ စက်တင်ဘာလလယ် တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ စက်သုံးဆီဈေးနှုန်းများကို နအဖအစိုးရက ရုတ်တရက် တိုး မြှင့်လိုက်မှုကြောင့် ရန်ကုန်မြို့မှ သံဃာတော်များ ဦးဆောင်ကာ ရွှေတိဂုံစေတီမှ ဆူးလေစေတီ အထိ မေတ္တသုတ်ရွတ်ဆို၍ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ်များ၏ ဆန္ဒထုတ်ဖော်မှုသို့ ရန်ကုန်မြို့နယ် အများစုမှ ပြည်သူများလည်း ပူးပေါင်းပါဝင်လာပြီး ဆန္ဒပြမှု ရှစ်ရက်မြောက်နေ့တွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းအကြမ်းဖက်မှု ကြောင့် သံဃာတော်များနှင့် ပြည်သူများ သေဆုံးခဲ့ရသည်။ ယခု ၂၀၁၇ စက်တင်ဘာသည် ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ယင်းရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်စေရန် ဦးဆောင်ကြိုးပမ်းလုပ်ဆောင်မှုတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ နယ်ရှိ ငွေကြာရံကျောင်းတိုက်မှ ဆရာတော်များလည်း အပါအဝင်ဖြစ်သည်။ ငွေကြာရံကျောင်းတိုက်ကို လုံထိန်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး သံဃာတော်များကို ဖမ်းဆီးရိုက်နှက်ခဲ့သည့်ဖြစ်စဉ်သည် ရွှေဝါရောင်အရေးအခင်းတွင် ထင်ရှားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ထို့အပြင် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ပြုလုပ်ရာတွင် ပါဝင်သော ငွေကြာရံကျောင်းတိုက် ဆရာတော်များအနက် ဆရာတော် ဦးအဂ္ဂရာဇာသည်လည်း ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်သည်။
  • Wed 20 Sep 2017 - 10:36
    စစ်တပ်က အာဏာသိမ်းသည့်အကြောင်း ပြောကြလျှင် ထိုင်းနှင့်မြန်မာကို ချန်ထား၍မရ နိုင်ပါ။ ထိုင်းသည် စစ်တပ်က အာဏာခဏခဏသိမ်းသည့်နိုင်ငံအ ဖြစ် နာမည်ကြီးသည်။ လက်ရှိ အချိန်တွင်လည်း စစ်တပ်က အာဏာသိမ်းထားဆဲပင်ဖြစ်ပြီး စုစု ပေါင်း ၂၁ ကြိမ်အထိ အာဏာသိမ်းခဲ့သည်။ မြန်မာကတော့ ထိုင်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး သမိုင်းတစ်လျှောက်နှစ်ကြိမ်သာ အာဏာသိမ်းခဲ့သည်။ သို့သော် တစ်ခါသိမ်းလျှင် နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့သည်။ ၁၉၆၂ က တစ်ကြိမ်၊ ၁၉၈၈ ကတစ်ကြိမ်ဖြစ်သည်။ ၁၉၈၈ က ကြေညာချက်တစ်စောင်ထုတ်ပြီး အာဏာသိမ်းမှုသည် ၂၀၁၁မှ အဆုံးသတ်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသော ကြေညာ ချက်တစ်စောင်၏ အသက်ဝင်မှုသည် စုစုပေါင်း ၂၃ နှစ်ကြာခဲ့ သည်။
  • Wed 20 Sep 2017 - 10:22
    လေယာဉ် ပြေးလမ်းပေါ်တွင် တစ်နာရီ မိုင် ၁၂၀ နှုန်းဖြင့် ဝေဟင်သို့ ပျံတက်ရန် အရှိန်ယူနေသော ဂျက်လေယာဉ်ဆီမှ အသံတစ်ခု ကျယ်လောင်စွာ မြည်ဟည်းလာသည်။ ‘‘ရွှီး . . . ဖောင်း’’ အသံကြားလျှင် ကြားချင်းပင်အရှိန်အဟုန်ဖြင့် သွားနေသော လေယာဉ် ရပ်တန့်ရန် လေယာဉ် ကပ္ပတိန် ဦးတင်လှိုင်မှီက ဘရိတ် သုံး၍ အစွမ်းကုန်ကြိုးစားခဲ့သည်။ ၁၉၉၆ ဇန်နဝါရီက တရုတ် နိုင်ငံ ကူမင်းလေဆိပ်မှ ပျံတက် တော့မည့်  F-28 အမျိုးအစားဂျက်လေယာဉ်ပေါ်တွင် မြန်မာနိုင်ငံမှ အရေးကြီးပုဂ္ဂိုလ် လိုက်ပါလာသည်။ သူက အခြားသူတော့ မဟုတ်။ ယခုအခါ အငြိမ်းစားယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေဖြစ်သည်။
  • Wed 20 Sep 2017 - 10:16
    စက်တင်ဘာ ၁၈ ရက်။မြန်မာ့ဒီမိုကရေစီခရီးတွင် အာဏာရှင်အစိုးရကို တော်လှန်ကာဒီမိုကရေစီကို တောင်းဆိုခဲ့သော အရေးတော်ပုံတစ်ခု တစ်ခန်းရပ်ခဲ့သောနေ့။ ‘နိုင်ငံတော် တစ်ဝန်းလုံးတွင်အဘက်ဘက်မှ ယိုယွင်းနေသောအခြေအနေကို အချိန်မီထိန်းသိမ်းနိုင်ရန်’ ဆိုသော စကားလုံးဖြင့် ဆယ်စုနှစ်နှစ်ခုကျော်ကြာ စစ်အုပ်ချုပ်ရေးစတင်ခဲ့သောနေ့။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်က ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်ခဲ့သော စစ်အာဏာသိမ်းမှုသည် ၂၉ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထု၏ ပူးပေါင်းပါဝင်လာမှု ကြောင့် အမြင့်မားဆုံးအခြေအနေ အထိ ရောက်ရှိခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ၏ မျှော်မှန်းချက်များက စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းမှုဖြင့် တစ်ခန်းရပ်သွားသည်။
  • Tue 19 Sep 2017 - 21:19
     ချင်းတွင်းမြစ်ရေတစ် ကျော့ပြန်မြင့်တက်လာပြီး လက်ရှိ ကာလတွင် မြစ်လေးစင်းစိုးရိမ်ရေ မှတ်အနီး မြင့်တက်လာ၍ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ရေဘေးသတိပေးချက် ထုတ်ပြန်ထားသည်။
  • Tue 19 Sep 2017 - 21:18
     စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်၌ ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်လက်ရင်ဆိုင် နေရပြီး ယင်းဒေသနှစ်ခုအပါ အဝင် တိုင်းဒေသကြီးနှင့် ပြည် နယ်ကိုးခုတွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးသည်။
  • Tue 19 Sep 2017 - 21:00
    ရခိုင်ပြည်နယ်အ ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ ၏ ဆန်းစစ်မှုကို မြန်မာအစိုးရက ကြောက်ရွံ့နေမည် မဟုတ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
  • Tue 19 Sep 2017 - 20:23
    ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေးချိုး ဖောက်သူများအနေဖြင့် အပြစ် ပေးခံရမည်ဟု ပြောကြားခဲ့သည်။
  • Tue 19 Sep 2017 - 20:22
     ရွှေလုပ်ငန်းရှင်များက မီးလင်းရွှေတုံးများအတွက် အခွန်  ၅ ရာခိုင်နှုန်းကို လေးလစာ ပေး ဆောင်ရမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
  • Tue 19 Sep 2017 - 20:22
     နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန် ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ပက်ထရစ်မာ ဖီကို စက်တင်ဘာ ၁၉ ရက် မွန်း လွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဌာနရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။
  • Tue 19 Sep 2017 - 19:57
    အာဆာ (ARSA) အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှုခံရသော မောင်တော မြို့နယ်မြောက်ပိုင်း နံ့သာတောင် ကျေးရွာရှိ နံ့သာတောင်ပရဟိတ ကျောင်း ပြန်လည်တည်ဆောက် ရန် ဖားကန့်၊ မြစ်ကြီးနား၊ မိုးညှင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ပြည်သူများက ကျပ်သိန်း ၂,၂၀၀ ပေးအပ်လှူဒါန်းခဲ့သည်။
  • Tue 19 Sep 2017 - 19:57
    မုံရွာမြို့ ဘုရားကြီးရပ်ကွက် တွင် ဆိုင်ကယ်တစ်စီး ကာပရိုက် တာမှတစ်ဆင့် ဆီယိုစိမ့်၍ မီး လောင်မှုဖြစ်ပွားခဲ့သည်။
  • Tue 19 Sep 2017 - 19:56
    ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းဖြစ်နေသောကြောင့် စက်တင်ဘာ ၁၉ ရက်က တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ ထွက်ခွာမည့် အမြန်ရေယာဉ် ခရီးစဉ်များကို ရပ်နားခဲ့ကြောင်း အမြန်ယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • Tue 19 Sep 2017 - 19:53
    ကမာရွတ်မြို့နယ် လှည်း တန်းလမ်းမ လူသွားစင်္ကြံပလက် ဖောင်းပေါ်တွင် ဖွင့်လှစ်ရောင်းချ နေသော ဈေးသည်များကို ဖယ် ရှား ရှင်းလင်းမည်ဖြစ်ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးက ပြော သည်။
  • Tue 19 Sep 2017 - 19:53
     မြဝတီ-ကော့ကရိတ် အာရှလမ်း နတ်စင်ကွေ့တွင် ၁၂ဘီးကုန်တင်ယာဉ်တစ်စီး ဘရိတ် ပေါက်ကာ ရှေ့၌မောင်းနေသော ယာဉ်နှစ်စီးကို တိုက်မိ၍ ချောက်ထဲသို့ပြုတ်ကျရာ အမျိုးသားသုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ သည်။ 
  • Tue 19 Sep 2017 - 19:52
    ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ဥပဒေ နှင့်အညီနေထိုင်သည့် မွတ်စလင် ကျေးရွာများစွာ ကျန်ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

Pages

Subscribe to News